Tuesday, May 27, 2008

ကောက်နုတ်ချက်တစ်ခု..

ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ဟောင်း ဦးသန့်၏ မိန်ခွန်းတစ်ခုတွင် ...

" ကုလသမဂ္ဂ၏ ပြဿနာတိုင်းတွင် ကြားနေဆောင်ရွက်နိုင်ရန် ကုလသမဂ္ဂဝန်ထမ်းတစ်ဦး အနေဖြင့် အလွန်ခက်ခဲကြောင်း၊ ကုလသမဂ္ဂအတွင်းရေမှူးချုပ်သည် မျက်နှာမလိုက်၊ ဘက်မလိုက်ရန် လိုအပ်သော်လည်း အမြဲတမ်းကြားနေရန် မလိုအပ်ကြောင်း၊ တရားသူကြီးတစ်ဦးကဲ့သို့ တရာလိုနှင့် တရားခံကို ခွဲခြားတတ်ရန် လိုကြောင်း၊ အပြစ်ကျူးလွန်သူကို သိရန်လိုကြောင်း၊ ဤနေရာ၌ ကြားနေပြီးဆောင်ရွက်ရန် မလိုကြောင်း "


အမှန်တရားကိုမြတ်နိုးသော၊ တရားမျှတသော၊ ပြတ်သားသော ခေါင်းဆောင်ကောင်းများ ပေါ်ပေါက်ပါစေ။

Thursday, May 22, 2008

ဆက်သွယ်ရေး ဧရိယာပြင်ပသို့


ဤသို့ဖြင့် ယခုတိုင် မိမိဖုန်းဆက်တိုင်း ဆက်သွယ်ရေး ဧရိယာပြင်ပသို့ ရောက်နေသည်ကို ကြုံနေရပါသည်။

ရန်ကုန်မြို့ကြီးရှိ လူထုများလည်း ဆက်သွယ်ရေး ဧရိယာပြင်ပသို့ ရောက်နေကြရပါသည်။

ကပ်ဘေးသင့်ဒေသရှိ သန်းနှင့်ချီသည့် အိုးအိမ်မဲ့ ဒုက္ခသည်များသည်လည်း ဆက်သွယ်ရေး ဧရိယာပြင်ပသို့ ရောက်နေကြပါသည်။

နောက်ဆုံး စစ်အစိုးရက လူလူချင်းစာနာမှု ကင်းမဲ့စွာ နိုင်ငံတကာအကူအညီများကို ကန့်သတ်ပိတ်ပင်ထားသော ကြောင့် မြန်မာတနိုင်ငံလုံးသည်ပင် ဆက်သွယ်ရေး ဧရိယာပြင်ပသို့ ရောက်နေကြရပါသည်။

မြန်မာစစ်အစိုးရ ကိုယ်၌က ဂလိုဘယ်လိုက်ဇေးရှင်း ခေတ်တွင် ဆက်သွယ်ရေး ဧရိယာပြင်ပသို့ ရောက်နေသည်ကို တွေ့ကြရပါတော့သည်။

မှတ်ချက်။ ။ မဇ္ဈိမသတင်းတွင် အောင်သူငြိမ်း ရေးသားထားသော ဆက်သွယ်မှု ဧရိယာပြင်ပတွင် ရောက်ရှိနေပါသည် (ဆောင်းပါး) မှ ကောက်နုတ်တင်ပြခြင်းဖြစ်ပါသည်။


Tuesday, May 20, 2008

မေမေပြောဘူးတယ်နော်...

အစိုးရဆိုတာ ပြည်သူလူထုဆန္ဒနဲ့ ကိုက်ညီမယ့် တိုင်းပြည်အကျိုးကို ဆောင်ရွက်ဖို့ အချိန်ကန့်သတ် စေခိုင်းထားတဲ့ သစ္စာအရှိဆုံး ပြည်သူ့ဝန်ထမ်းပဲဖြစ်ရမယ်
(အဖွဲ့ချုပ်ရုံး၊ နတ်မောက်မြို့ ၁-၁၁-၈၈)
ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘလ်ဆုရှင်
ဒေါ်အောင်ဆန်းစုကြည်

မေမေရေ..
သားတို့အားလုံးရဲ့ဆန္ဒနဲ့လည်း မကိုက်ညီပါဘူး…
သားတို့တိုင်းပြည်ရဲ့ အကျိုးကိုလည်း မဆောင်ရွက်နိုင်ပါဘူး…
အချိန်ဆိုတာလည်း သူတို့လုပ်တိုင်းဖြစ်တယ် ထင်နေလားမသိပါဘူး…
သစ္စာရှိဘို့ဝေးစွ အကြင်နာမဲ့စွာ ရက်စက်နေတယ် မေမေရေ..

Monday, May 12, 2008

ပြောကြပါရှင်

“ သမီးကြီးရေ….. အငယ်လေးကိုခေါ်ခဲ့တော့ဟေ့…. မိုးချုပ်တော့မယ်… ” ဆိုတဲ့
မေမေ့ရဲ့ အော်သံကြားလိုက်ပြီး နောက်မှာပဲ အနားရောက်လာတဲ့ မမနှင့်အတူ
အိမ်ဖက်ကို သမီးပြန်လိုက်ခဲ့ပါတယ်…။ အိမ်လို့ သူများတွေခေါ်သလိုသာ ခေါ်ရပေမဲ့
တကယ်တော့ လယ်စောင့်တဲ သာသာရယ်ပါ။
ဖေဖေက ငါးဖမ်းတယ်၊ မေမေက ဖေဖေဖမ်းလာတဲ့ ငါးတွေကိုရွာထဲလှည့်ရောင်းရတယ်။
မမလား… ၁၀နှစ်ကျော်ပြီ… ကျောင်းမနေရပါဘူး၊ နေ့ခင်းဆို သမီးရယ် မမရယ်ပဲ အိမ်မှာရှိတာ။
မမက သမီးကိုထိမ်းရတာပေါ့။ သမီးက တစ်နေကုန် အိမ်ဘေးနားက သူငယ်ချင်းတွေနဲ့ ငါးရောင်းတမ်းဆော့နေတာ။ အိမ်ရှေ့ရောက်တော့ အင်တုံအိုးခြမ်းကွဲထဲက မြစ်ရေတွေနဲ့ 
မမက သမီးခြေထောက်မှာ ပေနေတဲ့ ရွှံ့တွေကိုဆေးပေးတယ်လေ။
“ သမီးကြီး… အဲဒီမှာရှိတဲ့ ထမင်းကို ညီမလေးကျွေးရင်း…ညည်းပါစားလိုက်နော်…
မေမေတော့ ....ဖေဖေကိုစောင့် လိုက်ဦးမယ်……” ဟု မေမေပြောအပြီး...
မိုးကမှောင်လာနေပြီ.. ဖယောင်းတိုင်မီးလေးကလဲ လှုပ်လှုပ်…လှုပ်လှုပ်.. နဲ့ ဆိုတော့ 
ခဏလဲကြာရော သမီးလဲအိပ်ချင်လာရောပေါ့ ။ ဖေဖေပြန်မရောက်သေးပေမယ့်
မေမေရေ…သမီးအိပ်ချင်ပြီ ဆိုပြီး ဝါးကြမ်းခင်းလေးမှာပဲ လှဲအိပ်လိုက်ပါတော့တယ်။
ဒိပြင်နေရာ ရှာစရာမရှိတဲ့ သမီးတို့ အိပ်ရာပါ။
မေမေက သမီးဘေးမှာဝင်လှဲလို့ တင်ပါးလေးကို ပုတ်ပြီးသိပ်ပါတယ်။
ဖေဖေရဲ့ပုဆိုးအဟောင်းလေးကိုဆွဲပြီး သမီးတို့ ကိုနွေးအောင်ခြုံပေးရှာပေမဲ့ ဝါးကြမ်းကြားက
လေအေးတွေက တစ်ဝူးဝူးနဲ့ပေါ့ ။
အဲဒီလိုနဲ့ …….. “ သမီးကြီး… ချီ..ချီ….ညီမလေးကို...ချီ ....လွတ်မကျစေနဲ့ … ဦးလွန်းတို့ အိမ်ရောက်အောင်သွား ” ဆိုတဲ့ မေမေရဲ့အသံနဲ့ အေးမြတဲ့ မိုးရေအထိအတွေ့ကြောင့်
သမီးလန့်ဖြန့် အနိုးမှာ လေတွေက အရမ်းတိုက်လို့ပေါ့ ..။
မှောင်နဲ့ မဲမဲမှာ မမကသမီးကိုချီပြီး လေထဲမိုးထဲကနေ အိမ်ကြီးရခိုင်နဲ့ ဦးလွန်းတို့ အိမ်ပေါ်
ရောက်တော့ ဘေးအိမ်က ပူစူးတို့လဲရောက်နေကြတာ တွေ့လိုက်ရတယ်။
“ မမ… မေမေရော ”…. “ လာလိမ့်မယ်ညီမလေး… လိုက်လာလိမ့်မယ် ”….. တဲ့ ။
လေနဲ့မိုး ကွယ်တဲ့နေရာလေးမှာ အားလုံးစုထိုင်ရင်း တစ်ဝူးဝူးတိုက်နေတဲ့ လေတွေရယ်
တစ်ဝုန်းဝုန်းရွာနေတဲ့ မိုးသံတွေရဲ့ကြားမှာ မေမေ့ ကိုမျှော်နေမိတယ်....
ကြောက်လည်းကြောက် နေတယ်လေ.။
ဖေဖေ …. ဖေဖေရော … ညကသမီးအိပ်ချိန်အထိ ပြန်မှမလာသေးတာ.. ။
တစ်ဖြေးဖြေးနဲ့ …. မေမေကိုစောင့်ရင်း.. ဖေဖေကိုမျှော်ရင်း… မိုးသံလေသံတွေလျော့ပါးသွားတဲ့
အချိန်မှာ…. အလင်းရောင်လေး တောင်မြင်နေရပြီလေ….။ မိုးမပက်တော့တဲ့အချိန် အားလုံးအိမ်ပြန်ဖို့လဲပြင်ရော… ဦးလွန်းရဲ့အိမ်အောက်မှာရေတွေနဲ့ လေ…..
သမီးတို့ဆင်းလို့မရတော့ဘူး.. အဲဒီတော့ ပြတင်းပေါက်ကနေ.. မမကိုချီခိုင်းပြီး ကြည့်ခိုင်းတော့
ဟင်…. ဘယ်မှာလဲသမီးတို့ အိမ်လေးတွေ…. ပူစူးတို့ အိမ်ရော……. ဟာ.. ရေပြင်ကြီး……… အိမ်တွေမရှိတော့ဘူး…. အိမ်တွေဘာမှမရှိတော့ဘူး….. ရေပြင်ထဲမှာပြိုကျနေကြပြီ..
မေမေရော…. မမ .. မေမေရောလို့ …မေမေဘယ်ရောက်သွားလဲ….. Photobucket

မေမေ မလာသေးဘူးလား…… ဖေဖေရော…………. မပြန်လာသေးဘူးလား…
ဖေဖေရော…. မမ….. ဖေဖေတို့ .. မေမေတို့  ဘယ်မှာလဲ….
ပြောလေ... မမ.. ဖေဖေတို့ မေမေတို့ ရောလို့ ….
ပြောလေ……..
မမ ......ပြော ………
ပြော...............။


(ကုသိုလ်ကံနည်းစွာ..အဖြစ်ဆိုးကြရသော…ကျန်ရစ်သူ မိဘမဲ့ ကလေးငယ်များသို့ )
post by Avatar 10.5.08(00:25)Sat

Thursday, May 8, 2008

ပြောချင်တာ

လူတွေဟာ အမြဲတမ်း အချိန်ပြည့်
မကျေနပ်ချက်တွေကိုပဲ
ရလိုဇောတစ်ခုတည်းနဲ့  ဖေါ်ထုတ်ကျူးရင့် 
နေကြတယ်လို့ သင်ထင်မြင်နေပါသလား

ခန္တီစလို့ ခေါ်တဲ့ ခါးဝတ် ပုဆိုးလိုမြဲမြံအောင်ပတ်ရစ်ထားတဲ့ 
သီးခံခြင်းတရားတွေ ခ၀ါချပြီး ဆွမ်းကွမ်းဒါယိကာပြည်သူတွေအတွက်
မကျေနပ်ချက်တွေကို ရှေ့ တန်းကရဲရင့် စွာဟစ်အော်နေကြတဲ့ 
အရိယာ သံဃာတော်တွေကိုရော သင်ဘယ်သို့ ထင်မြင်ပါမည်နည်း...........

ကြားနိုင်ကြပါစေ

blog ဆိုတာလေ ပြောချင်တာပြောလို့ ရတယ်ကြားမိတာ

သူများတကာ blog ဆိုတိုင်း လိုက်ပြီး blog တယ်လို့ ပဲဆိုဆို
ပြောချင်တာ များလာတဲ့အခါကျ
ပြောစရာက အလိုလိုထွက်လာရော သိလား
ကြောက်စရာရှိလဲနောက်မှပေါ့ ဗျာ.......နော..........

ကြားနိုင်ကြပါစေ

သိလား.......ရင်ထဲမှာ ပြောချင်နေတဲ့ စကားတွေ အများကြီး ကျန်နေသေးတယ်